နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်မှ တရုတ်နိုင်ငံခြားရေးဝန်ကြီးထံသို့ပေးပို့သည့် တရုတ်နှစ်သစ်ကူးနေ့သဝဏ်လွှာ

Description: 

"ယခု ၂၀၂၃ ခုနှစ် တွင်ကျရောက်သည့် တရုတ်နှစ်သစ်ကူး အခါသမယတွင် တရုတ်ပြည်သူများနှင့် တရုတ်ပြည်သူ့ သမ္မတနိုင် ငံငြိမ်း ချမ်း သာယာပါ စေကြောင်း ဦးစွာ နှုတ်ခွန်း ဆက်သအပ်ပါသည်။ ကုန်လွန်ခဲ့သည့် (၂၀၂၂) ခုနှစ်ကာလသည် တရုတ်ပြည်သူများ၊ တရုတ်ကွန်မြူနစ် ပါတီနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတော် တို့ အတွက် အောင်မြင်မှု အသီးအပွင့်များ စွာ ရရှိခဲ့သည့် ကာလတခုဖြစ်ပါသည်။ အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ် ပါတီ ကွန်ဂရက်ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သလို ဒေသတွင်း ကိစ္စရပ်များ တွင်လည်း တရုတ်နိုင်ငံ၏ အရေးပါမှုကို ပြသနိုင်ခဲ့ပါသည်။ ထိုသို့သော အောင်မြင်မှုများစွာအတွက် လည်း မိမိတို့ မြန်မာပြည်သူများနှင့် အမျိုးသားညီညွတ်ရေးအစိုးရအနေနှင့် များစွာဂုဏ်ယူမိပါသည်။ တရုတ်သမ္မတ Xi Jinping ၏ တတိယသက်တမ်း ထမ်းဆောင်ခွင့် ရရှိမှုနှင့် အဆွေတော် Mr. Qin Gang ၏ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ရွေးချယ်ခံခဲ့ရမှုကို မိမိတို့ အနေနှင့် လှိုက်လှဲစွာကြိုဆိုကြောင်း ထပ်လောင်း ဖေါ်ပြလိုပါသည်။ ထို့အတူ မိမိတို့ အမျိုးသားညီညွတ် ရေးအစိုးရ အနေနှင့် တရုတ်ပြည် သူ့သမ္မတနိုင်ငံ၏ မြန်မာနိုင်ငံနှင့် မြန်မာပြည်သူများ ပြည်သူ့အာဏာ ပြည်သူ့ထံပြန်လည်အပ်နှံ့နိုင်ရေး အတွက် ရပ်တည်ခဲ့မှုများကို အထူးပင်ကျေးဇူးတင်ရှိ အပ်ပါသည်။ နိုင်ငံတကာ မျက်နှာစာ၊ အထူး သဖြင့် ကုလသမဂ္ဂ နဲ့ လုံခြုံရေးကောင်စီမျက်နှာစာ တို့တွင် ထောက်ခံ ကူညီပေးနေသည့် အတွက် အထူးပင် ကျေးဇူးတင်ရှိအပ်ပါသည်။ မိမိတို့မြန်မာပြည်သူများအပေါ်အကြမ်းဖက် ဖိနှိပ်နေသည့် စစ်အုပ်စုနှင့် အတူ မရပ်တည်ကြောင်း ပြသလိုက်ခြင်း သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ မြန်မာပြည်သူများအပေါ် အိမ်နီးချင်း ကောင်းပီသကြောင်းသက်သေထူပြလိုက်ခြင်းဖြစ်ပြီး တရုတ်နိုင်ငံ၏ အဆိုပါရပ်တည်မှုအတွက် မြန်မာပြည်သူများမှ အမြဲ အမှတ်တရ ရှိနေမည် ဖြစ်ပါသည်။ ထို့အပြင် မြန်မာပြည်သူများနှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့ လက်ရှိဆင်နွှဲနေသည့် တော်လှန်ရေး၏ အောင်မြင်မှု အသီးအပွင့်များသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကျိုးစီးပွါးအပါအဝင် ဒေသတွင်းနိုင်ငံများ၏ အကျိုးစီးပွါးနှင့် ရေရှည် တည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် မည်သည့် နည်းနှင့် မျှထိခိုက်မှုရှိစေလိမ့်မည် မဟုတ်ဘဲ ပိုမိုအကျိုးရှိစေလိမ့်မည်သာဖြစ်ကြောင်း မိမိ တို့ ယုံကြည်စွာအာမခံနိုင်ပါ သည်။ မိမိတို့အမျိုးသားညီညွတ်ရေးအစိုးရနှင့်မြန်မာပြည်သူများ မျှော်မှန်းထားသည့် ဖက်ဒရယ်နိုင်ငံတော်သစ်သည် အိမ်နီးချင်းနိုင်ငံများနှင့် တရုတ်ပြည် သူ့သမ္မတ နိုင်ငံသို့ ကောင်းကျိုး အသီးအပွင့်များသာ ယူဆောင် လာလိမ့် မည်ဖြစ်ပါသည်။ နိဂုံးချုပ်အနေနှင့် နှစ်ပေါင်းများစွာချစ်ကြည် ရင်းနှီးသော အစဥ်အလာရှိသည့် မိမိတို့နှစ်နိုင်ငံအနေနှင့် လာမည့် (ယုန်နှစ်) နှစ်သစ်တွင်လည်း ပိုမိုရင်းနှီးစွာဆက်ဆံလာနိုင်မည်ကို မိမိတို့အနေနှင့် ယုံကြည်လျက် ရှိပါသည်။ တရုတ်မြန်မာ နှစ်နိုင်ငံပြည်သူများ အတွက် စစ်မှန်သည့် ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး ပိုမိုခိုင်မာစွာ တည်ထောင်နိုင်မည့် နှစ်တနှစ် ဖြစ်ပါစေကြောင်း နှစ်သစ်ဆုမွန် ကောင်း တောင်းအပ်ပါသည်။..."

Source/publisher: 

Ministry of Foreign Affairs - Myanmar - NUG

Date of Publication: 

2023-01-22

Date of entry: 

2023-01-22

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

470.77 KB

Resource Type: 

text

Text quality: 

    • Good