ပင်လုံစာချုပ်ချုပ်ဆိုခြင်း (၇၆)နှစ်မြောက်နေ့သို့ ပေးပို့သည့် သဝဏ်လွှာ

Description: 

"၁။ ယနေ့ အချိန်အခါသမယသည် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးအားလုံး၏ စည်းလုံး ညီညွတ်မှုအင်အားဖြင့် ပင်လုံစာချုပ်အား သဘောတူညီချုပ်ဆိုနိုင်ခဲ့သည့် မိမိတို့နိုင်ငံ၏ သမိုင်းဝင်နေ့ထူးနေ့မြတ်ဖြစ်ပြီး ယနေ့ဆိုလျှင် (၇၆)နှစ် တိုင်ခဲ့ပြီ ဖြစ်ပါသည်။ နိုင်ငံတစ်ဝှမ်း တောင်တန်းမြေပြန့်ဒေသများရှိ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးအားလုံးက ရည်ရွယ်ကြိုးပမ်း နေသည့် ငြိမ်းချမ်းသာယာဝပြောသော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်နိုင် ရေး ရည်မှန်းချက်အား စည်းလုံးညီညွတ်သော ပင်လုံစိတ်ဓာတ်ဖြင့် အမြန်ဆုံး အကောင်အထည် ဖော်ဆောင်နိုင်ပါစေကြောင်း ဆန္ဒပြုအပ်ပါသည်။ ၂။ ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ သွေးစည်းညီညွတ်မှု ဖြင့် သာတူညီမျှမှုရှိပြီး အ‌ရောင်အသွေးစုံလင်သည့် ငြိမ်းချမ်းသော နိုင်ငံတော်သစ်ကို တည်ဆောက်သွားရန် မိမိတို့ခေါင်းဆောင်ကြီးများက ယင်းပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ရန် အခက်အခဲများကြားမှပင် ကြိုးပမ်းခဲ့ကြခြင်းဖြစ်ပါသည်။ သို့သော် စစ်အာဏာရှင်များက ၎င်းတို့ အာဏာဆုပ်ကိုင်ထားနိုင်ရေးရှေးရှု၍ တိုင်းပြည်၏ အာဏာကို လက်နက်အားကိုးဖြင့် လက်ဝါး ကြီးအုပ်ထားနိုင်ရန် ကြိုးပမ်းနေခြင်းကြောင့် တန်းတူအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရရှိရေးတို့သည် ယနေ့အချိန်အထိ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။ ၃။ ယနေ့အချိန်တွင်လည်း ဖက်ဆစ်စစ်အာဏာရှင်များက ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရသည့် နိုင်ငံတော်အစိုးရထံမှ လက်နက်အားကိုးဖြင့် ဥပဒေမဲ့ အာဏာသိမ်းယူပြီး ပြည်သူလူထုအပေါ် လူမဆန်သော အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန် လျက် အာဏာဆုပ်ကိုင်ထားနိုင်ရန် ကြိုးပမ်းနေသော်လည်း တိုင်းရင်းသားပြည်သူအားလုံးက အရှုံးမပေးဘဲ ခုခံတွန်းလှန်နေခြင်းကြောင့် ယခု နွေဦးတော်လှန်ရေးသည် စစ်အာဏာရှင်စနစ် ကို မြန်မာ့မြေပေါ်မှ အပြီးတိုင် တိုက်ထုတ်ပြီး တိုင်းရင်းသားလူမျိုးအားလုံးအတွက် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်သစ်အား တည်ဆောက်သွားနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ ၄။ သို့ပါ၍ မိမိတို့ လူငယ်မျိုးဆက်သစ်တို့၏ အမြော်အမြင်ရှိမှု၊ ဆန်းသစ်တီထွင်မှုနှင့် အတူ တော်လှန်ရေးအင်အားစုအားလုံးက ယခုထက် ပိုမို စည်းလုံးညီညွတ်ခြင်းဖြင့် ခိုင်မာသော ယုံကြည်မှုတို့ တည်ဆောက်ကာ တိုင်းရင်းသားပြည်သူအားလုံးအတွက် အေးအတူပူအမျှ ငြိမ်းချမ်းစွာ အတူယှဥ်တွဲနေထိုင်နိုင်မည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး အမြန်ဆုံး တည်ဆောက်သွားနိုင်ရေးအတွက် “စည်းလုံးညီညာအောင်ကြောင်းဖြာ” ဟူသော ထုံးကိုနှလုံးမူ လျက် ရေပက်မဝင်စည်းလုံးခြင်းဖြင့် အတူတကွရှေ့ဆက်ကြပါစို့ဟု တိုက်တွန်းရင်း ပင်လုံစာချုပ် ချုပ်ဆိုခြင်း(၇၆)နှစ်မြောက်နေ့တွင် ဤသဝဏ်လွှာအား လေးစားဂုဏ်ယူစွာ ပေးပို့အပ်ပါသည်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ..."

Source/publisher: 

Committee Representing Pyidaungsu Hluttaw

Date of Publication: 

2023-02-14

Date of entry: 

2023-02-12

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

235.08 KB

Resource Type: 

text

Text quality: 

    • Good