Progressive Karenni People Force ၏ သတင်းထုတ်ပြန်ချက် (၂၀၂၂ ခုနှစ်၊ မတ်လ (၂) ရက်နေ့။)

Sub-title: 

ကရင်နီဒေသတိုက်ပွဲတွေမှာ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေ ၈၀၀နီးပါးသေဆုံးခဲ့ဟု PKPF ထုတ်ပြန်

Description: 

"မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က အာဏာသိမ်းခဲ့တဲ့နောက်ပိုင်း ဖြစ်ပွားခဲ့တဲ့ ကရင်နီဒေသ တိုက်ပွဲတွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၈၀၀ နီးပါးသေဆုံးခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု(PKPF)က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ ၂၀၂၁ ဖေဖော်ဝါရီ၁ရက် ကနေ ၂၀၂၂ ခုနှစ်ဖေဖော်ဝါရီလကုန်အထိ ကရင်နီပြည်အတွင်းစစ်ရေး နိုင်ငံရေး အခြေနေ အကျဉ်းချုပ်ကို PKPFက ထုတ်ပြန်ခဲ့တာမှာ ဖော်ပြထားတာပါ။ အာဏာသိမ်းပြီးနောက်ပိုင်းစစ်ကောင်စီတပ်ကို ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)၊ ကရင်နီတပ်မတော်(KA)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF) အပါအဝင် ကရင်နီဒေသ တော်လှန်ရေးအင်အားစု တွေက စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ခဲ့လို့ လွိုင်ကော်၊ ဒီးမော့ဆို၊ မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်း၊ ဘောလခဲ၊ ဖရူဆို၊ ဖားဆောင်း စတဲ့ဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ ၂၀၂၁ မေလကနေ ၂၀၂၂ ဖေဖော်ဝါရီလကုန်အထိ တိုက်ပွဲပေါင်း ၁၈၇ ကြိမ်ဖြစ်ပွားခဲ့တာမှာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၇၉၀ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူအများအပြားရှိခဲ့ပါတယ်။ ပျက်စီးသွားတဲ့ စစ်ကောင်စီယာဉ် ၂၆ စီးထက်မနည်းရှိခဲ့ပါတယ်။ တိုက်ပွဲတွေပြင်းထန်ခဲ့လို့ စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှုတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့ရာမှာ စုစုပေါင်း ၆၉ ကြိမ်ရှိတယ်လို့ဆိုပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေမှာ KNDF/KA/PDF ပါအဝင် တော်လှန်ရေးရဲဘော် ၈၇ ဦးကျဆုံးခဲ့ရသလို အကြမ်းဖက်စစ်တပ်က ပြည်သူလူထုတွေကို အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်ခဲ့လို့ အရပ်သားပြည်သူ ၂၂၁ ဦးသေဆုံးခဲ့ရတယ်လို့ PKPFက ထုတ်ပြန်ပါတယ်။ ဒါ့အပြင် အကြောင်းအမျိုးမျိုးနဲ့ မတရားဖမ်းဆီးခံထားရတဲ့ ပြည်သူလူထု ၂၂၀ ဦးရှိတယ်လို့လည်းဆိုပါတယ်။ ကရင်နီဒေသတိုက်ပွဲတွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်တာ လက်နက်ကြီးတွေနဲ့ အလွန်အကျွံပစ်ခတ်တိုက်ခိုက်တာနဲ့နေအိမ်တွေကို တမင်မီးရှို့ဖျက်ဆီးတာ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလက်ချက်ကြောင့် ပြည်သူလူထုတွေရဲ့နေအိမ် ၆၅၀ နီးပါး နဲ့ ဘာသာရေး အဆောက် အအုံ ၁၀ ခုတို့ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ လက်ရှိအချိန်မှာလည်း အရပ်သားတွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ တိုက်ခိုက်တာ၊ စစ်ရှောင်စခန်းတွေကို လေကြောင်းက ဗုံးကြဲတာ၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်တာ တွေ လုပ်ဆောင်ခဲ့လို့ ကရင်နီစစ်ရှောင်ပြည်သူတွေ အသက်ဆုံးရှုံးထိခိုက်ဒဏ်ရာရမှုတွေလည်း ဖြစ်ခဲ့ပါတယ်။..."

Source/publisher: 

Progressive Karenni People Force

Date of Publication: 

2022-03-02

Date of entry: 

2022-03-03

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

131 KB

Resource Type: 

text

Text quality: 

    • Good