သံဃသမဂ္ဂထုတ်ပြန်​​ကြေငြာချက် -၄/၂၀၂၁ – စစ်ကောင်စီရဲ့ ဘာသာရေးလှည့်ကွက်တွေအပေါ်မှာ မကျရောက်အောင် တိုင်းရင်းသားအားလုံးဘာသာ၊ လူမျိုးမခွဲဘဲပြည်ထောင်စုစိတ်ဓါတ်နဲ့ နေထိုင်ကြဖို့ သံဃသမဂ္ဂ (မန္တလေး) အသိပေး

Description: 

"ဖေ​ဖော်ဝါရီ(၁)ရက်​နေ့ အာဏာသိမ်းပြီးချိန်မှစ၍ စစ်အာဏာရှင်ကို ငြိမ်းချမ်းစွာဆန့်ကျင်ခဲ့​သော ပြည်သူများအား စစ်တပ်က အကြမ်းဖက် ဖမ်းဆီး ဖိနှိပ် သတ်ဖြတ်လျက်ရှိသည်မှာ မြန်မာသိ ကမ္ဘာသိ ဖြစ်ပါသည်။ ယခုဆိုလျှင် ဂန့်ဂေါ ယော ကလေး အရာတော် မုံရွာတစ်ဝိုက် တော်လှန်ရေးအင်အားစုများရဲ့ သတင်းထုတ်ပြန်ချက်များအရ ​အကြမ်းဖက်စစ်ကောင်စီတပ်များက ဘုန်းကြီး အတုအယောင်များဖန်တီးကာ သင်္ကန်းဝတ်လျက် အဖိနှိပ်ခံပြည်သူများအား အကြမ်းဖက်မှုများ ပြုလုပ်လျက်ရှိသည်ကို ကြားသိရပါသည်။ အလားတူစွာပင် အကြမ်းဖက် စစ်ကောင်စီ၏ လက်အောက်ခံ အကြမ်းဖက် စစ်တပ်ကလည်း ဒေသတွင်းအသီးသီးရှိ သာသနိက အဆောက်အဦးများတွင် တပ်စွဲနေထိုင်ကြလျက် အကြမ်းဖက်မှုများကိုကျူးလွန်နေကြပါသည်။ အကြမ်းဖက် စစ်​ကောင်စီ၏ လုပ်ရပ်များကို သံဃသမဂ္ဂအ​နေဖြင့် ရှုတ်ချခဲ့ပြီးဖြစ်သည့်အပြင် ပြည်သူနှင့်အတူ ယခုအချိန်ထိ တိုက်ပွဲဝင်လျက်ရှိပါသည်။ ယခုကာလသည် အကြမ်းဖက် စစ်အုပ်စု အနေဖြင့် မြန်မာနိုင်ငံအတွင်း၌ အကြမ်းဖက်မှု မျိုးစုံကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်နေသည့် အချိန်ကာလလည်း ဖြစ်နေပါသည်။ သို့ဖြစ်ပါ၍ အကြမ်းဖက် စစ်ကောင်စီ၏ ဘာသာရေး လှည့်ကွက်များ အတွင်း ကျရောက်ခြင်း မရှိစေရန် ပြည်ထောင်စုဖွားတိုင်းရင်းသား ညီအစ်ကိုများအားလုံး ဘာသာလူမျိုးမခွဲခြားဘဲ ပြည်ထောင်စုစိတ်ဓာတ်ဖြင့် အထူးသတိထား၍ နေထိုင်ပေးကြပါရန်နှင့် ဘုန်းကြီး အတုယောင်များက သင်္ကန်းဝတ်လျက် အကြမ်းဖက်မှုများကို ပြုလုပ်လာနိုင်သည့် ဘေးအန္တရာယ်ကိုလည်း ရှောင်ရှားနိုင်ကြရန် ​အသိပေးလိုပါသည်။ ထို့ကြောင့် အကြမ်းဖက်စစ်ကောင်စီရဲ့ ဘာသာရေးကို အသုံးချကာ သင်္ကန်းဝတ်အတုအယောင်များ ဖန်းတီးလျက် အဖိနှိပ်ခံပြည်သူလူထုအပေါ် အနိုင်ကျင့် နှိပ်စက် သတ်ဖြတ်နေမှုများကို ပြင်းပြင်း ထန်ထန် ကန့်ကွက်ရှုတ်ချသည်။..."

Source/publisher: 

Sangha Union (Mandalay)

Date of Publication: 

2021-12-24

Date of entry: 

2021-12-24

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

65.71 KB

Resource Type: 

text

Text quality: 

    • Good