Statement on the inhumane acts of the Terrorist Military Council in Hakha and Thantlang - ချင်းပြည်နယ်၊ ဟားခါးမြို့နှင့် ထန်တလန်မြို့အတွင်း အကြမ်းဖက်စစ်ကောင်စီ၏ လူမဆန်သည့်လုပ်ရပ်များအပေါ် သဘောထားထုတ်ပြန်ကြေညာချက်

Description: 

"ချင်းပြည်နယ်၊ ဟားခါးမြို့နှင့် ထန်တလန်မြို့အတွင်း အကြမ်းဖက်စစ်ကောင်စီ၏ လူမဆန်သည့်လုပ်ရပ်များအပေါ် သဘောထားထုတ်ပြန်ကြေညာချက် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက် ၂၀၂၁ခုနှစ်၊ စက်တင်ဘာလ (၁၈)ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီတပ်များမှ ချင်းပြည်နယ်၊ ဟားခါးမြို့နှင့် ထန်တလန်မြို့များတွင် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ဘာသာရေး အဆောက်အဦအပါအဝင် ပြည်သူ့အိုးအိမ်ပေါင်းများစွာ မီးလောင် ပျက်ဆီးဆုံးရှုံးခဲ့ပါသည်။ ၎င်းအပြင် မီးလောင်ကျွမ်းမှုကို ငြိမ်းသတ်ရန် သွားရောက်သည့် ထန်တလန်မြို့မှ ခရစ်ယာန်ဘာသာရေးသင်းအုပ်ဆရာတစ်ပါးအား အကြမ်းဖက်စစ်ကောင်စီတပ်များမှ ပစ်သတ်၍ ဆရာတော်၏ လက်သူကြွယ်ဖြတ်ပြီး ဝတ်ဆင်ထားသော လက်ထပ်လက်စွပ်နှင့် လက်ပတ်နာရီအား ယူသွားကြပါသည်။ ချင်းပြည်နယ်၊ ဟားခါးမြို့နှင့် ထန်တလန်မြို့၏ ထိခိုက်နစ်နာမှုများနှင့် ဆုံးရှုံးမှုများအတွက် CNO/CNDF မှ ထပ်တူဝမ်းနည်းကြေကွဲမိပါသည်။ မိမိတို့ ချင်းဌာနေတွင် လူမဆန်စွာ အကြမ်းဖက်စစ်ကောင်စီ၏ ရက်စက်ယုတ်မာမှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်းနှင့် ချင်းတမျိူးသားလုံးနှင့်အတူ CNO/CNDF မှ သွေးကြွေးဆပ် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။..."

Source/publisher: 

Chin National Organization

Date of Publication: 

2021-09-22

Date of entry: 

2021-09-23

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

147.73 KB

Resource Type: 

text

Text quality: 

    • Good