UNICEF calls for greater attention to protection of children’s rights in Myanmar during time of crisis - ပဋိပက္ခကာလအတွင်း မြန်မာနိုင်ငံရှိ ကလေးသူငယ်များ၏ အခွင့်အရေးများကို ကာကွယ်ပေးရေးအတွက် အထူးဂရုပြုကြပါရန် ယူနီဆက်မှ မေတ္တာရပ်ခံ

Sub-title: 

UNICEF Myanmar Statement

Description: 

"YANGON, 9 February 2021 – UNICEF expresses deep concern regarding the impact of the ongoing crisis in Myanmar on children’s wellbeing and reminds all actors of their obligations to uphold all children’s rights as enshrined in the Convention on the Rights of the Child (CRC), to which Myanmar is a State Party, and under the Myanmar Child Rights Law enacted in July 2019. These rights include the rights to protection, participation, peaceful assembly and freedom of expression. They also include freedom from unlawful or arbitrary detention or separation from parents. In crisis situations, children are often disproportionally affected, and it is essential that all actors uphold the best interests of the child, one of the core principles of the CRC, as a primary consideration. In the context of ongoing demonstrations and current events, and reports of injuries, some potentially fatal, UNICEF calls on all actors, including security forces, to exercise the utmost restraint, to resolve differences through constructive and peaceful means, and to prioritize the protection and safety of children and young people as they express their opinions.....ရန်ကုန်မြို့၊ ဖေဖော်ဝါရီလ ၉ ရက်၊ ၂၀၂၁ ခုနှစ် – ယူနီဆက်အနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားလျှက်ရှိသော ပဋိပက္ခအခြေအနေများကြောင့် ကလေးသူငယ်များ၏ ကောင်းကျိုးချမ်းသာအပေါ် ထိခိုက်လာမည်ကို လွန်စွာစိုးရိမ်ပူပန်လျှက်ရှိပြီး သက်ဆိုင်ရာ တာဝန်ရှိသူအဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံမှ ပါဝင်သဘောတူလက်မှတ်ရေးထိုးထားသည့်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ် (CRC) ပြဌါန်းချက်များ နှင့် ၂၀၁၉ ခုနှစ် ဇူလိုင်လ တွင်ပြဌါန်းခဲ့သည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ ပြဌါန်းချက်များနှင့်အညီ ကလေးသူငယ်များ၏ အခွင့်အရေးများအားလုံးကို လေးစားလိုက်နာကြပါရန် သတိပေးလိုပါသည်။ ဤအခွင့်အရေးများတွင် ကလေးသူငယ်များအနေဖြင့် ကာကွယ်စောင့်ရှောက်မှုခံယူပိုင်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် လွတ်လပ်စွာထုတ်ဖော်ပြသပိုင်ခွင့်တို့ ပါဝင်ပါသည်။ တရားဥပဒေနှင့်မညီသော သို့မဟုတ် မတရား ဖမ်းဆီး ထိန်းသိမ်းခံရမှုများ သို့မဟုတ် မိဘများနှင့် ဝေးကွာစေခြင်းများကို မပြုလုပ်ရန်လည်း ပါဝင်ပါသည်။ ပဋိပက္ခကာလများအတွင်းတွင် ကလေးသူငယ်များမှာ မကြာခဏအားဖြင့် အထိခိုက်ခံရဆုံးသူများဖြစ်ကြပြီး သက်ဆိုင်သူများအားလုံးအနေဖြင့် CRC ၏ အဓိကကျသော အခြေခံမူများမှတစ်ခုဖြစ်သည့် ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားကို အဓိကဦးစားပေးအဖြစ် ထည့်သွင်းစဉ်းစားပြီး ထိန်းသိမ်းစောင့်ရှောက်ကြရန် အထူးပင် အရေးကြီးလှပါသည်။ လက်ရှိဖြစ်ပွားနေသည့် ဆန္ဒပြမှုများတွင် ထိခိုက်ဒဏ်ရာရရှိမှုများဖြစ်ပေါ်နေပြီး အလွန်ပြင်းထန်ကြောင်းလည်းသိရသည့်အတွက် သက်ဆိုင်သူများအားလုံးသည် ကွဲလွဲမှုများကို အပြုသဘောဆောင်ပြီး ငြိမ်းချမ်းသောနည်းလမ်းများဖြင့် ဖြေရှင်းကြပါရန်နှင့် ကလေးသူငယ်များနှင့် လူငယ်များက ၎င်းတို့၏ သဘောထားများကို ထုတ်ဖော်ပြသသည့်အခါ ၎င်းတို့ကို ကာကွယ်ပေးရေးနှင့် ဘေးကင်းလုံခြုံရေးကို ဦးစားပေးရန်အတွက် အထူးထိန်းသိမ်းဆောင်ရွက်ကြပါရန် တောင်းဆိုလိုပါသည်။ အဓိကတာဝန်ရှိသည့် မိဘများနှင့် စောင့်ရှောက်သူများအနေဖြင့်လည်း ကလေးများ၏ ဘေးကင်းလုံခြုံရေးကို အမြဲထည့်သွင်းစဉ်းစားပြီး ကလေးများ ဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် သင့်လျော်သောလုပ်ဆောင်မှုများကို လုပ်ဆောင်ထားကြရန် လိုအပ်ပါသည်။..."

Creator/author: 

Guy Taylor

Source/publisher: 

UN Children's Fund (UNICEF) (New York)

Date of Publication: 

2021-02-09

Date of entry: 

2021-05-01

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

English, Burmese (မြန်မာဘာသာ)

Resource Type: 

text

Text quality: 

    • Good